ချစ် သဘာဝ အချစ်
သူ့ကိုချစ်ရ ထိုကာလသည်
နေ့ညမခွဲ သူ့ကိုစွဲ၏.................
သူ့ကိုမုန်းမေ့ ထိုနောက်နေ့၌
မြင့်တွေ့စိတ်ထဲ သူ့ကိုမဲ၏.............
မချစ်မမုန်း ထိုစဉ်တုန်းက
ရွှင်ပြုံးချမ်းသာ ငါ့ကမ္ဘာသည်
ပျော်ရွှင်စရာ နေ့ရက်များထဲမှာသာ ရှိ၏.............။
ထိုပလေပလှော်
***သခင်အောင်ဆန်းတရား ***
ငါ့ ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏သမာဓိ ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့် သားအရွယ် ၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့ 
မင့်သားသိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းပယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောက်မြိုက်၊ သူမီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြတ်ကြံ ၊ သူ့ အလံတည့် 
ပျံတလူလူ၊ သူထူခဲ့ ကြောင်း
ခေါင်းဆောင်သဘော မင့် သားချောကို
ပြောလိုက်ပါဘိ ၊ဟောပါဘိ။
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏သမာဓိ ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့် သားအရွယ် ၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့ 
မင့်သားသိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းပယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောက်မြိုက်၊ သူမီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြတ်ကြံ ၊ သူ့ အလံတည့် 
ပျံတလူလူ၊ သူထူခဲ့ ကြောင်း
ခေါင်းဆောင်သဘော မင့် သားချောကို
ပြောလိုက်ပါဘိ ၊ဟောပါဘိ။
( ဆရာဇော်ဂျီ ၁၅.၀၇. ၁၉၆၆ )
(ABMA ဂျာနယ်အတွဲ ၃ အမှတ် ၁၄ မှကူးယူဖေါ်ပြပါသည်)
***ကဗျာရေးတယ်ဆိုတာ***
ကဗျာရေးတယ်ဆိုတာ
နှလုံးသားက အနာဖေးကိုခွာချရတာ
ဦးနှောက်ကို အရေညှစ်ရတာ
ကိုယ့်စိတ်ထဲက ကောင်းမှု့မကောင်းမှု့တွေကို
အမှန်မြင်အောင်ကြည့်ရတာ
စိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ပြောင်းရတာ
အဲ့ဒီအထိ ရှင်းတယ်
ရှုပ်တာက နောက်ပိုင်းမှာ . . .
ရေးချင်လို့ ရေးတယ်မလား
ရေးပြီး ရင် ပြီးပြီမလား
အခုက အဲ့လိုမဟုတ်
ရေးပြီးရင် မှတ်ကျောက်တင်ခံချင်ရတာနဲ့
ခံစားမှု့ ရသတွေ မျှဝေချင်ရတာနဲ့
စာပေနယ်မှာ ထင်ပေါ်ချင်ရတာနဲ့
ဘာဖြစ်ချင်ရတာနဲ့ ညာဖြစ်ချင်ရတာနဲ့ . . .
အမျိုးအစားဟာ သာမညဖြစ်ပြီး
ကဗျာဟာ အဓိက လို့ခံယူထားတယ်
ကလပ်စစ်တွေ မော်ဒန်တွေ ကို
ဒီကဗျာဆရာ သိပ်နားမလည်ပါ
စိတ်ကူးနဲ့ခံစားချက်ကိုတော့
စာသားအဖြစ် ကောင်းကောင်းပြောင်းတတ်တယ်
လေးချိုး ရေးရေး ဒွေးချိုး ရေးရေး
စေတနာမပါတဲ့ ကဗျာဆရာဟာ
ခွေး ဖြစ်မှာ အသေအချာပါပဲ . . .
ကဗျာရေးတတ်ပေမယ့်
ကဗျာမရွတ်တတ်ပါ
မရွတ်တတ်ဘူးဆိုတာထက်
သူများတကာ ရွတ်ပုံနဲ့ ဒီကဗျာဆရာရွတ်ပုံနဲ့မတူ
အဲ့ဒါထက်ပိုဆိုးတာက
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ရွတ်တိုင်း
အူတူတူ ဖြစ်ဖြစ်ကျန်ခဲ့တယ်
အပြင်းစားမော်ဒန်လို့ ဆိုကြတဲ့
နိမိတ်ပြ ခေတ်ရှေ့ပြေးကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို . . .
သေချာတာကတော့
ကဗျာရေးတယ်ဆိုတာ ရင်ဘတ်နဲ့ဦးနှောက်ပေါင်းစပ်ချိန်ရောက်တဲ့အခါ
ရေးပြီးရုံနဲ့မပြီး . . .
မာဃလုလင်
ကဗျာရေးတယ်ဆိုတာ
နှလုံးသားက အနာဖေးကိုခွာချရတာ
ဦးနှောက်ကို အရေညှစ်ရတာ
ကိုယ့်စိတ်ထဲက ကောင်းမှု့မကောင်းမှု့တွေကို
အမှန်မြင်အောင်ကြည့်ရတာ
စိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ပြောင်းရတာ
အဲ့ဒီအထိ ရှင်းတယ်
ရှုပ်တာက နောက်ပိုင်းမှာ . . .
ရေးချင်လို့ ရေးတယ်မလား
ရေးပြီး ရင် ပြီးပြီမလား
အခုက အဲ့လိုမဟုတ်
ရေးပြီးရင် မှတ်ကျောက်တင်ခံချင်ရတာနဲ့
ခံစားမှု့ ရသတွေ မျှဝေချင်ရတာနဲ့
စာပေနယ်မှာ ထင်ပေါ်ချင်ရတာနဲ့
ဘာဖြစ်ချင်ရတာနဲ့ ညာဖြစ်ချင်ရတာနဲ့ . . .
အမျိုးအစားဟာ သာမညဖြစ်ပြီး
ကဗျာဟာ အဓိက လို့ခံယူထားတယ်
ကလပ်စစ်တွေ မော်ဒန်တွေ ကို
ဒီကဗျာဆရာ သိပ်နားမလည်ပါ
စိတ်ကူးနဲ့ခံစားချက်ကိုတော့
စာသားအဖြစ် ကောင်းကောင်းပြောင်းတတ်တယ်
လေးချိုး ရေးရေး ဒွေးချိုး ရေးရေး
စေတနာမပါတဲ့ ကဗျာဆရာဟာ
ခွေး ဖြစ်မှာ အသေအချာပါပဲ . . .
ကဗျာရေးတတ်ပေမယ့်
ကဗျာမရွတ်တတ်ပါ
မရွတ်တတ်ဘူးဆိုတာထက်
သူများတကာ ရွတ်ပုံနဲ့ ဒီကဗျာဆရာရွတ်ပုံနဲ့မတူ
အဲ့ဒါထက်ပိုဆိုးတာက
ကိုယ်ရေးတဲ့ကဗျာကို ကိုယ်ရွတ်တိုင်း
အူတူတူ ဖြစ်ဖြစ်ကျန်ခဲ့တယ်
အပြင်းစားမော်ဒန်လို့ ဆိုကြတဲ့
နိမိတ်ပြ ခေတ်ရှေ့ပြေးကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို . . .
သေချာတာကတော့
ကဗျာရေးတယ်ဆိုတာ ရင်ဘတ်နဲ့ဦးနှောက်ပေါင်းစပ်ချိန်ရောက်တဲ့အခါ
ရေးပြီးရုံနဲ့မပြီး . . .
မာဃလုလင်
အဆိုအမိန့်များ............
လူမှာအရေးကြီးဆုံး နှစ်ခုဘဲရှိတယ်။ အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကိုမြတ်နိုးမှု love of truth
ရယ် ဒါဘဲဖြစ်တယ်။ ဘယ်နေရာမှာမဆိုအမှန်ကိုအမှန်အတိုင်းပြောရမယ်။
ပြောဝံတဲ့ သတ္တိလဲရှိရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
ငါတို့ ဟာလက်နက်ကိုင်တွေဖြစ်ကြသော်လည်း ၊
မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊နိုင်ငံရဲ့ 
မိတ်ဆွေတွေဖြစ်တယ်ဆိုတာကိုသဘော
ပေါက်ရမယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
ပြည်သူလူထုအများစုကြီးက နိုင်ငံရေးဟာ ငါတို့ ကိစ္စ၊
ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးဖို့ ဟာ ငါတို့ တာဝန်ဖြစ်တယ်လို့ စိတ်ထဲမှာထားမှ
ကျမတို့ နိုင်ငံတိုးတက်နိုင်မှာပါ။
(ဒေါ်အောင်ဆန်းစုကြည်)
လူတိုင်းဟာ ဘယ်အနွယ် ဘယ်အဖွားကဘဲဆင်းသက်
လာပါစေ၊လေးစားသမှု့ နဲ့ တော့ထိုက်တန်ကြတာချည်းပါ။ ကျနော်တို့ ကိုယ့်ကိုကိုယ် လေးစားသမှု့ ထားသလိုမျိုး လူတိုင်းအပေါ်တူညီစွာ ဆက်ဆံကြရမယ်။
(ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း)
စမ်းကြည့် လိုက်
ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့်ရူ့ မြင်မှုကိုသာ
အဓိကထားသည်။ဗုဒ္ဓ၏သွန်သင်ဆုံးမမှုများသည်
(ဧဟိပဿိကော) လာလှည့် ရှု့လှည် ဟုဖိတ်ခေါ်ခြင်းကိုသာပြု၍လာပြီးယုံကြည်လော့
ဟုမဆိုပေ။
(Dr.W.Rahnla)
နိုင်ငံရေးခေါင်းဆောင်ကြီးများ အစဉ်သတိပေးလျက်ရှိသည့် လူမျိုးခြင်းသွေးခွဲ၍ အုပ်ချုပ်သော နည်းစနစ်ဖြစ်၏။ ထို့ ကြောင့် ကျွန်ပ်တို့ ၏ ရည်ရွယ်ချက်ကား လူမျိုးရေး သွေးကွဲစေမှု ကို ကာကွယ်သတိပြု၍ ဆောင်ရွက်ရေးဖြစ်၏
(အာဇာနည်ခေါင်းဆောင် ဦးရာဇာတ်)
လွတ်လပ်ရေးနေ့အမှတ်တရ
အနိုင်မခံ
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကာ မညွတ်
ဤလောဘ ဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေ မဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကာ မညွတ်
ဤလောဘ ဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည် ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေ မဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
ချစ် သဘာဝ အချစ်
သူ့ကိုချစ်ရ ထိုကာလသည်
နေ့ညမခွဲ သူ့ကိုစွဲ၏.................
သူ့ကိုမုန်းမေ့ ထိုနောက်နေ့၌
မြင့်တွေ့စိတ်ထဲ သူ့ကိုမဲ၏.............
မချစ်မမုန်း ထိုစဉ်တုန်းက
ရွှင်ပြုံးချမ်းသာ ငါ့ကမ္ဘာသည်
ပျော်ရွှင်စရာ နေ့ရက်များထဲမှာသာ ရှိ၏.............။
ထိုပလေပလှော်


